ကျောက်ပန်းတောင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲများကျင်းပ

ကျောက်ပန်းတောင်း  ဇန်နဝါရီ  ၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယာပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ် ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်(၈)နာရီမှစတင်၍ မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ပြီး၊ ညနေ (၄)နာရီတွင် ဆုချီး မြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ် ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် ဘော်လီဘော ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ထုပ်စည်းတိုးပြိုင်ပွဲနှင့် ပြေး၊ ခုံ၊ ပစ် အားကစား ပြိုင်ပွဲမျးဖြစ်သည့် သံပြားပစ်၊ အလျား ခုန်၊ ကျားကြီး/ကျားငယ် အပြေး၊ မကြီး/ မငယ် အပြေးပြိုင်ပွဲများ၊ အလျားခုန်ပြိုင်ပွဲ  အိပ်စွပ်အပြေးပြိုင်ပွဲ စသည့် ပြိုင်ပွဲပေါင်း(၃၀)ကျော် ယှဉ်ပြိုင် ကစားစေခဲ့ကြောင်းသိရပြီး၊ ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော် ခြင်းခတ်ပြိုင်ပွဲများကို ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက်နေ့များတွင်ယှဉ်ပြိုင်ပြီးစီးခဲ့ကြောင်းသိရသည်။ ဆုပေးပွဲအခမ်းအနားကို ညနေ(၄)နာရီတွင် အဆိုပါ အားကစားပြိုင်ဝန်းတွင် ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက်ရောက်ခဲ့ကြပြီး၊ ဆုရရှိကြသည့် အားကစားဝါသနာရှင်များကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အားကစားပြိုင်ပွဲများကို မြို့နယ်အားကစားနှင့်ကာယာပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဝင်းမင်းသန်း (နည်းစနစ်မှူး)နှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် အားကစားနည်းပြ ဆရာ/ဆရာမများက ကြီးကြပ် ကွပ်ကဲခဲ့ကြပြီး၊ အားကစားဝါသနာရှင်များ၊ ကြည့်ရှုသူပရိတ်သတ်များဖြင့် စည်ကားပျော်ရွှင်စွာကျင်းပခဲ့ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)