ကျောက်တံခါးမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်  အားကစားပြိုင်ပွဲများ ကျင်းပ

ကျောက်တံခါး       ဇန်နဝါရီ    ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့က မြို့နယ်အားကစားပြိုင်ကွင်းနှင့် ကွင်းတောင်ရပ်ကွက် အားကစားအတွင်းတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး မြို့နယ်အားကစားကွင်းနှင့် ကွင်းတောင်ရပ်ကွက်အားကစားကွင်းတို့၌ ထုပ်စီးတိုး၊ ခေါင်းအုံးရိုက်၊ ချောတိုင်တက်၊ ဂိုးကျဉ်းဘောလုံးပြိုင်ပွဲ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ သုံးချောင်းထောက်၊ အိတ်စွပ်ပြိုင်ပွဲများကို  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်များအတွင်းမှ ပြည်သူများဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညွန့်ဆွေနှင့်အဖွဲ့ဝင်များ၊  တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)