မိုးညှင်း ဇန်နဝါရီ ၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်အတွင်းရှိ အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါ ကျင်းပရာတွင် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ပျော်ပွဲရွှင်ပွဲများဖြစ်သည့် မီတာ (၁၀၀)အပြေးပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ ဂုန်နီအိတ်စွပ်၊ ခြေပူးတွဲအပြေး၊ ခေါင်းအုန်းရိုက်၊ ရေငုံမြင်းစီး၊ သံပုရာသီးဇွန်းကိုက်၊ အာလူးကောက်ပြိုင်ပွဲနှင့် ထုပ်ဆီးထိုးပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲပေါင်း (၁၁)မျိုးတို့ကို ကျောင်းသား၊ ကျောင်းသူများအား ယှဉ်ပြိုင် ကစားကြရာ ဆုရရှိသူများကို တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ နိုင်နိုင်လတ်နှင့် ပါမောက္ခ(ဌာနမှူး) ဆရာဆရာမကြီးများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း