သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ  စတင်ဖွင့်လှစ်
Jun 02,2022
ရန်ကုန် တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်။
တကောင်းမြို့ ၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်သင်ကြား
Jun 02,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ယနေ့နံနက် (၉)နာရီမှ  စတင်ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်း ကျောင်းများစတင်ဖွင့်လှစ်ပြီး ကျောင်းသား/သူများ ပညာသင်ကြား
Jun 02,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အခြေခံပညာကျောင်းများတွင် ဇွန်လ ၂ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီမှ စတင်၍ ကျောင်းသား/သူများအေးချမ်းစွာ သင်ကြားလျက်ရှိကြောင်းသိရသည်။
ရမည်းသင်းမြို့နယ်အတွင်း အသက်(၅)နှစ်(၁၂)နှစ်အောက်ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jun 02,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ယူလျက်ရှိသောအသက်(၅)နှစ်မှ အသက်(၁၂)နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို  ယနေ့နံနက်  ၉  နာရီခွဲက ရမည်းသင်းမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အနော်ရထာခန်းမ၌ ကျောင်းသား/သူများအားကိုဗစ် ကာကွယ်ဆေး  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြား
Jun 02,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင်  အခြေခံပညာကျောင်းများအား ယနေ့နံနက်ပိုင်းအချိန်မှစတင်၍ ဖွင့်လှစ်၍ ပညာသင်ကြားနေလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး (Talk Show)ဆောင်ရွက်
Jun 02,2022
မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း( Book Club ) အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပဆောင်ရွက်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး
Jun 02,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေးဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း က သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။