သတင်းများ

တောင်ကြီးမြို့ရှိ (၂)မိုင် အချုပ်ထောင်၌ အကျဉ်သား (၆)ဦးအား ပြစ်ဒဏ်လွှတ်ငြိမ်းသက်သာခွင့်ပေး
Jan 05,2023
၂၀၂၃ ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဇန်နဝါရီ(၄)ရက် နေ့လည်(၁၂)နာရီ (၄၅) မိနစ်က တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ တောင်ကြီး-ဟိုပုံးသွား ပြည်ထောင်စုလမ်းရှိ တောင်ကြီး အချုပ်ထောင်(၂မိုင်ထောင်)အတွင်း ဓမ္မပီယဓမ္မာရုံ၌ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၁/၂၀၂၃)၊ ပြစ်ဒဏ်လွှတ်ငြိမ်းခွင့် အမိန့်အရပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆)ဦး အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လျော့ပေါ့လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အခမ်းအနားကျင်းပကြောင်း သိရသည်။
လားရှိုးအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသား(၇၄)ဦး အကျဉ်းသူ(၂၇)ဦး စုစုပေါင်း(၁၀၁)ဦး လွှတ်ပေး
Jan 05,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၁/၂၀၂၃ အရ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ လားရှိုးအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ရသည့် အကျဉ်းသားများအား လွှတ်ပေးသည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က လားရှိုးအကျဉ်းထောင်ရှိ ဓမ္မာရုံတွင် ပြုလုပ်သည်။
မင်ဘူးမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဗိုလုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jan 05,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက မင်းဘူးမြို့ ခရိုင်အားကစားကွင်း၌ ကျင်းပသည်။
ချောက်မြို့၌ (၇၅)နှစ်​မြောက် စိန်ရတုလွတ်လပ်​ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Jan 05,2023
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့၌(၇၅)နှစ်​မြောက် စိန်ရတုလွတ်လပ်​ရေး​နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယ​နေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်းအတွင်း ကျင်းပခဲ့သည်။
ဗဟန်းမြို့နယ်၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများ ဆု‌ပေးပွဲကျင်းပ
Jan 05,2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရပ်ကွက်ပေါင်းစုံ ဖူဆယ်ဘောလုံး၊ ပိုက်‌ကျော်ခြင်း၊ စက်ဘီးစီး၊ စစ်တုရင်၊ ပြေးခုန်ပစ်ပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီကဗဟန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ‌ရွှေနန်ယန်ခန်းမ၌ ကျင်းပသည်။
ရွှေတောင်မြို့နယ် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲ/ ရွှင်ပွဲအားကစားပြိုင်ပွဲများနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Jan 05,2023
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရွှေတောင်မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ယမန်နေ့ နံနက်ပိုင်းက (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲ/ ရွှင်ပွဲအားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျင်းပပြုလုပ်ခဲ့သည့် အားကစားပြိုင်ပွဲများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jan 05,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျင်းပပြုလုပ်ခဲ့သည့် အားကစားပြိုင်ပွဲများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ကျောင်းသား/သူ ကလေးငယ်များအား အားကစားပြိုင်ပွဲများပြုလုပ်ပေး
Jan 05,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌  ကျောင်းသား/သူ ကလေးငယ်များအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်းတွင် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။