မန်တုံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

မန်တုံ ဇန်နဝါရီ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအား မြို့မအားကစားကွင်းတွင် ကျင်းပဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၃ )နာရီအချိန်က ဘော်လီဘောပြိုင်ပွဲကို မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘော်လီဘော အားကစားပြိုင်ပွဲတွင် ဌာနဆိုင်ရာ၊ ရပ်ကွက်များမှလူငယ်များ၊ အထက်တန်းကျောင်းသားများ ပါဝင်သော အသင်း(၇)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်း(၃)သင်းအား ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)