တောင်သာ ဇန်နဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် အိမ်တောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး (Working Group) ရှေ့ပြေးကွင်းဆင်းစာရင်းကောက် ယူရေးကွင်းဆင်းဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က တောင်သာမြို့၊ မင်းစုရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စာရင်းကောက်ယူရာတွင် မြို့ပေါ် (၆) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရင်းကောက်အဖွဲ့ (၁၁၉) ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ ကြပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလဒ်ထွဋ်နှင့် ဝန်ထမ်းများက ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ရှေ့ပြေးမြေပြင်ကွင်းဆင်းကောက်ယူနေမှုများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရန်နိုင်စိုး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်ထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလဒ်ထွဋ်မှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ စာရင်းကောက်ယူရာတွင် ဂရုပြုရမည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိင်(တောင်သာ)