သတင်းများ

ပုသိမ်မြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Myancopharm) ထပ်ဆောင်းထိုးနှံပေးလျက်ရှိ
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အသက် (၅ နှစ်မှ ၁၂နှစ်အထိ) ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Myancopharm) ထပ်ဆောင်းထိုးနှံပေးခြင်းကို အခြေခံပညာ ကျောင်းများတွင် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jan 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြင့်မားရေး စာရေးဆရာ ခင်စောတင့် ရေးသားသည့် ခက်ခဲကျပ်တည်းသောအချန်မှာ စိတ်ချမ်းမြေ့စရာစာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများလျှော့ချနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 13,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း မှ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု (Losses)များလျှော့ချနိုင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ လျှော့ချနိုင်ရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများ စိစစ်ဖော်ထုတ်အရေးယူနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉နာရီအချိန်ကစတင်ကာ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ မြို့ပေါ်ရပ်ကွက်များအတွင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပင်လောင်းမြို့ အထက(၂)ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jan 13,2023
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့သည်။
လှည်းကူးမြို့နယ်၌ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရေး ဆက်လက်ဆောင်ရွက်
Jan 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်က မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။
တွန်းဇံမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာ‌စေရန် စာဖတ်ဝိုင်း‌ ဆွေးနွေးပွဲပြုလုပ်
Jan 13,2023
ချင်းပြည်နယ် တွန်းဇံမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် စာအုပ်၊ စာပေ ချစ်မြတ်နိုးသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများက ယမန့် နေ့လည် (၁)နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Jan 13,2023
မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဆေးရာင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဇီးဖြူကုန်း)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဇီးဖြူကုန်း)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်(၉) နာရီ အချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။