သတင်းများ

ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည် ငှားရမ်းခြင်းများဆောင်ရွက်
Jan 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန် မြင့်မား‌စေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များစာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်အတွက် နယ်မြေမီးသတ်ရုံးသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျှက်ရှိသည့် ဈေးဆိုင်များ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိ/မရှိ ဈေးဆိုင်များ ကွင်းဆင်းစစ်ဆေး
Jan 13,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ဈေးဆိုင်များ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါရှိရေး ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ညောင်ဦးမြို့ အမှတ်(၁)ရပ် ကွက်အတွင်း ရောင်းချလျက်ရှိသည့် ဈေးဆိုင်များကို စစ်ဆေးခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး (Talk Show)ပြုလုပ်
Jan 13,2023
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ခရမ်းချဉ်သီးတစ်ပိဿာ(၂၀၀၀)ကျပ်ဈေး ရောင်းချရသဖြင့် ခရမ်းချဉ်စိုက်တောင်သူများအဆင်ပြေ
Jan 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရမ်းချဉ်သီးတစ်ပိဿာ(၂၀၀၀)ကျပ်ဈေး ရောင်းချရသဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်းနှင့် ခရမ်းချဉ်သီးနှံသည်  ပျိုးထောင်အချိန်မှ စတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားပြီး စိုက်ပျိုးမြေ အမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့်ပိုးမွှားနှိမ်နင်းဆေး များ အသုံးပြုရကြောင်း ရှားပင်ကျေးရွာမှ ပံတံဆိပ်ခရမ်းချဉ်မျိုး စိုက်ပျိုးထားသည့် တောင်သူ ဦးကိုကိုခိုင်က ပြောပြသည်။
စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဉာဏ်စမ်းပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲကျင်းပ
Jan 13,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဉာဏ်စမ်းပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ ကျင်းပပြုလုပ်ခဲ့သည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ် 
Jan 13,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ရေးသားသော “လုပ်ငန်းတစ်ခု အကောင်းဆုံးဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲ ”  စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို   ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ် အမက ကဒါကမ်းနားမူလွန်ကျောင်း၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်
Jan 13,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ် အမက ကဒါကမ်းနားမူလွန်ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမက ကဒါကမ်းနားမူလွန်ကျောင်းဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်၌ မူလတန်းအဆင့် ရှေးဦးသူနာပြုစုခြင်းသင်တန်းဖွင့်လှစ်
Jan 13,2023
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၌ မူလတန်းအဆင့် ‌ရှေးဦးသူနာပြုစုခြင်းသင်တန်းကို မြို့နယ်အဆင့်အဖြစ် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက ကျိုက်ထိုမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။