အင်းစိန်မြို့နယ်၌ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၂) ဖွင့်လှစ်
May 28,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှု (၂/၂၀၂၂) ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကြို့ကုန်းအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ငါးလုပ်ငန်းအတတ်သင် သိပ္ပံ(ကြို့ကုန်း)၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ နှင့်အညီ ဖွင့်လှစ်ခဲ့သည်။