သတင်းများ

နတ်မောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ
May 29,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
May 29,2022
တောတောင်ပျက်ပြုန်း၊ မြေဆီသုဉ်း၏၊ ဥတုရာသီ၊ တောကိုမှီ၏၊ ပူနွေးကမ္ဘာ၊ တားဆီးရာ၊ ဖြေရှာတစ်ခု၊ တောပြုစု၊ သစ်တောတွေထိန်း၊ တောတွေစိမ်းမှ၊ ငြိမ်းချမ်းပြည်ရွာ၊ နိုင်ငံသာ၏ ဆိုသည့်သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးကို ဖော်ညွှန်းထားသည့်ဆောင်ပုဒ်များကို အမြဲအလေးထားပြီး သစ်တော သစ်ပင်များ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့စေရေး ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရာသီဥတုဖောက်ပြန်မှုနေမှုအား ကာကွယ်ထိန်းသိမ်းနိုင်စေရေး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်အား နိုင်ငံတစ်ဝန်းလုံး၌ ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။
မင်းဘူးမြို့ရှိ အမှတ်(၈၈) ခြေလျင်တပ်ရင်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချ
May 29,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ အမှတ်(၈၈)ခြေလျင်တပ်ရင်း၊ အောင်စစ်သည်ခန်းမ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၉/၂၀၂၂)နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲဗလခန်းမ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၁၀/၂၀၂၂) သင်တန်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တစ်ပြိုင်တည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန ရုံးမှ သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ
May 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သိရီရတတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်/မြို့နယ် ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်တက်ရောက်
May 29,2022
မကွေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အဆင်အားဝန်ကြီးဌာနရှိ ခရိုင်/မြို့နယ် ဦးစီးမှူးများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ
သထုံမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 29,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာ အလံတရာသာသနာ့နယ်မြေရှိ အလံတရာ စေတီတော်မြတ်ကြီးအနီးတွင် ယနေ့နံနက်က မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်ခဲ့သည်။
ဖလမ်းမြို့၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 29,2022
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၇ ရက်၊ နံနက် ၉ နာရီအချိန် က တလန်လိုရပ်ကွက်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ဦးဗန်ကြီးခန်းမ၌ ကျင်းပသည်။
မြဝတီမြို့၌ “ရေဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ” အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
May 29,2022
ကရင်ပြည်နယ်၊  မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလများတွင် အများဆုံး တွေ့ကြုံရတတ်သည့် ရေကြီး၊ ရေလျှံမှုများကြောင့် ရေဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ အချက်များ ကြိုတင်သိရှိနိုင်ကြစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ ပူးပေါင်း၍ အမှတ်(၁)ရပ်ကွက်၊ ဓမ္မာရုံ၌ “ရေဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ” အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။