သတင်းများ

မအီမြို့ အမှတ်(၄)ရပ်ကွက်(ပြင်ဝန်း) အလယ်တန်းကျောင်း(ခွဲ)တွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
Jan 13,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၄)ရပ်ကွက်(ပြင်ဝန်း) အလယ်တန်းကျောင်း(ခွဲ)တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အဆိုပါကျောင်းရှေ့ အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Jan 13,2023
­ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန် အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။
ပိုင်ကျုံမြို့၌ ဒေသထွက်နနွင်း စိုက်ပျိုးခြင်း‌ဖြင့် မိသားစု အပိုဝင် ငွေရရှိ
Jan 13,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် တစ်ဖက်တစ်လမ်းမှ ၀င်ငွေပိုမိုရရှိစေရန်အတွက် တပိုင်တနိုင်နနွင်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
စုကလိမြို့တွင် မန်ကျည်းသီးများစောလျင်စွာထွက်ရှိသဖြင့်  စျေးကောင်းရရှိ
Jan 13,2023
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့တွင် မန်ကျည်းသီးများစောလျင်စွာထွက်ရှိသဖြင့် ခူးဆွတ်သူများရောင်းချသူများ  ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။
ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ဆက်လက် ငှားရမ်း
Jan 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတ ရရှိစေရန်နှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျား စာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ်စာစောင်များ တင်ဆောင်၍ လှည့်လည် ငှားရမ်း
တနင်္သာရီမြို့နယ်၊ အလက(ခွဲ)သာယာကုန်း (တောင်)ကျောင်း၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 13,2023
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု- အလက(ခွဲ)သာယာကုန်း (တောင်) ကျောင်းတွင်  ကျောင်းသူ/သားများ ကာယ/ ဉာဏ/ စာရိတ္တ ဘက်စုံပညာ ဖွံ့ဖြိုးရေး အတွက် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားတွင် စာအောင်သံဃာ၊ သီလရှင်၊ လူပုဂ္ဂိုလ် စုစုပေါင်း ၂၀၅ ပါးအား စာအောင်ဆုများချီးမြှင့်
Jan 13,2023
သာသနာတော် နေလပမာ အဓွန့်ရှည်ကြာစွာ စည်ပင်ပြန့်ပွား ထွန်းလင်း၍ ပရိယတ္တိ၊ ပဋိပတ္တိဓူရနှစ်ဖြာနှင့် ပြည့်စုံသော ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းနေစေရေး ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
စုကလိမြို့တွင် နှစ်စဉ်ဝင်ငွေတိုးဖို့ ကော်ဖီစိုက်ကြစို့ ခေါင်းစဉ်ဖြင့် Talk Show ကျင်းပ
Jan 13,2023
ကရင်ပြည်နယ်မြဝတီ၊ ခရိုင်စုကလိမြို့တွင်  တောင်ယာစိုက်ပျိုးသူများအား အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ကော်ဖီစိုက်ပျိုးခြင်းဖြင့် ပုံမှန်ဝင်ငွေ ရရှိစေရန်နှင့် စိုက်ပျိုးနိုင်ကြရန်စေရန် နှစ်စဉ်ဝင်ငွေတိုးဖို့ ကော်ဖီစိုက်ကြစို့ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အား ယမန်နေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့သည်။