ကျောက်ဆည် ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြင့်မားရေး စာရေးဆရာ ခင်စောတင့် ရေးသားသည့် ခက်ခဲကျပ်တည်းသောအချန်မှာ စိတ်ချမ်းမြေ့စရာစာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပစာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် ဘက်စုံဖွံ့ဖြိုးတက်တက်လာမည့် မျိုးဆက်သစ် လူငယ်များ ဖြစ်လာစေရန်အတွက် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာမောင်ခိုင်ကျော် (ကျောက်ဆည်)က ခက်ခဲကျပ်တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာ စာအုပ်တွင် ပါရှိသော လက်ခံအသိအမှတ်ပြုခြင်း၊ အကျပ်အတည်းများကို အောင်နိုင်ခြင်း၊ အတွေးများ၊ စသည့် စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက မိမိကိုယ်ကို ကျေနပ်နှစ်သက်ခြင်း၊ ဆက်ဆံရေးများ၊ ငွေ၊ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးပြေားကြားခဲ့ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)