လှည်းကူး ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်က မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့များက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအလိုက် သတ်မှတ်စာရင်းပုံစံများဖြင့် လိုက်လံကောက်ယူလျက်ရှိသည်။
အဆိုပါ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာသို့ မြို့နယ် (Working Group) မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာများအလိုက် လိုက်လံကြီးကြပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)