ခန္တီးမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဇီးဖြူကုန်း)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ခန္တီး ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဇီးဖြူကုန်း)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်(၉) နာရီ အချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကျောင်းသား/သူလေးများက ကြိုဆိုပါသည်စုံညီပွဲတော်သီချင်း သီဆိုခြင်းဖြင့် ဖွင့်လှစ်ကာ ခရိုင်ပညာရေးမှူး ဆရာမကြီးဒေါ်လှလှမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ.လ.က ဇီးဖြူကုန်းကျောင်းအုပ်ဆရာကြီး ဉီးထားမီမှ ကျေးဇူးတင်စကားပြန်လည်ပြောကြား ခဲ့သည်။ ဆက်လက်၍ ကျောင်းကော်မတီ ဉက္ကဋ္ဌ ဉီးရက်ဆိုင်းမှ လုပ်ငန်းဆောင်ရွက်မှုများရှင်းလင်း ခြင်း၊ မြို့နယ်အဆင့်/ကျောင်းအဆင့် ဆုရရှိသူများအား သက်ဆိုင်ရာ ဆရာ/ဆရာမများမှ ဆုအသီးသီးပေးအပ်ခြင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ခြင်း အစီအစဉ် များပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ထို့နောက် ကျောင်းသား/သူလေးများမှ တက်ရောက်လာသော ကျောင်းသားမိဘများ၊ ဧည့်သည်တော် များအား အကများ၊ သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)