သတင်းများ

နမ့်ဆန်မြို့နယ်၌ အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jan 13,2023
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များ အားလစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ထိုးနှံပေးလျက်ရှိသည်။
ကျိုက်ထိုမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေး
Jan 13,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးအား တတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် စုရပ်နေရာဖြစ်သည့် အမှတ် (၁) အခြေခံပညာမူလတန်းလွန် (ကံ့ကော်) ကျောင်း၌ ထိုးနှံပေးခဲ့သည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်
Jan 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန်နှင့် စာပေကိုတန်ဖိုးထား ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ “စာဖတ်ခြင်း၏အကျိုးကျေးဇူး ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲအား ယမန်နေ့ညနေ ၃ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေး လုပ်ငန်း ဆက်လက်ဆောင်ရွက်
Jan 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မြေပြင်ရှိ အိမ်ထောင်စုစာရင်း မှန်ကန်စွာရရှိရေး မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းအား ယမန်နေ့နံနက် ၉ နာရီအချိန်က ရပ်ကွက်အလိုက် ဖွဲ့စည်းထားသော စာရင်းကောက်အဖွဲ့ (၂၈၂) ဖွဲ့က မိမိတို့တာဝန်ယူရသည့် ကောက်ကွက်များအလိုက် တစ်အိမ်တက်ဆင်း ဆက်လက်လိုက်လံကောက်ယူကြကြောင်း သိရသည်။
နတ်မောက်မြို့နယ် မြို့မကွင်း၌ ပန်းနှမ်း(၅)ဧကစိုက်ခင်းအောင်မြင်ဖြစ်ထွန်း
Jan 13,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသည့် ပန်းနှမ်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့မကွင်း၊ ကွင်းအမှတ်(၄၇၄) ပန်းနှမ်းစိုက်တောင်သူ ဦးကြည်ထွန်းထံမှ သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးအဖွဲ့ (၁၃၆) ဖွဲ့ ဖွဲ့ကာ စာရင်းကောက်ယူ
Jan 13,2023
ရန်ကုန်တိုင်း‌ဒေသကြီ၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းအဖွဲ့ ၁၃၆ ဖွဲ့ ဖွဲ့ကာစာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်းကောက်ယူနေမှုအား မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ အနီးကပ်ကြီးကြပ်
Jan 13,2023
လူဦးရေစာရင်းများမှန်ကန်မှုရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင်၏ကြီးကြပ်မှုဖြင့် ဇန်နဝါရီ(၉)ရက်နေ့မှစတင်၍ ပုဇွန်တောင်မြို့နယ် တစ်မြို့နယ်လုံး၌ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများ၊ မီးသတ်တပ်မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဖွဲ့ဝင်များနှင့် ပညာရေးဝန်ထမ်းများပူးပေါင်း၍ တစ်အိမ်ဝင်တစ်အိမ်ထွက် မြေပြင်လူဦးရေစာရင်းများ ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိသည်။
သံတောင်ကြီးဒေသတွင်နနွင်းများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီးစတင်တူးဖော်ရောင်းချ
Jan 13,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်းဖာလာပင်၊ ကွမ်းသီး စသည့်နှစ်ရှည်ပင်များကို အသက်မွေးဝမ်းမှုအဖြင့် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်ပိုင်းတွင် အဆိုပါနှစ်ရှည်ပင်များအပြင် နနွင်းကိုလည်းအဓိက စိုက်ပျိုးလုပ်ကိုင်လာခဲ့ ပြီးဇန်နဝါရီလ ဒုတိယပတ်မှစတင်ပြီးနနွင်းများစတင်တူးဖော်ရောင်းချလျက်ရှိကြောင်းသိရသည်။