သတင်းများ

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရန် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ
Jan 13,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်းတိကျ မှန်ကန်မှုရှိစေရန် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီက ဦးဆောင်၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များက တစ်အိမ်တက်ဆင်း စာရင်းကောက်ယူ လျက်ရှိသည်။
မိုင်းရှူးမြို့၌ ၂၀၂၃ ခုနှစ် ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ(ဖလား) အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကျင်းပ
Jan 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ (ဖလား)အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွှဲ(၂)နာရီက မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ  အသက်(၅)နှစ်မှ (၁၂)ထိကျောင်းသား၊ ကျောင်းသူများအားထပ်ဆောင်းကာကွယ်ဆေး ပထမအကြိမ်(Booster Dose )(၃၆၆၁)ဦးထိုးနှံပေးပြီးဖြစ်      
Jan 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ် ပိုင်ကျောင်းများ၌ရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီး(၅)လပြည့်ပြီးသူ  အသက်(၅)နှစ်မှ(၁၂)ထိကျောင်းသား၊   ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေးပထမအကြိမ်   (Booster Dose )  များထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ(၃၆၆၁)ဦးထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
ပင်လုံမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌  ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာရေးနှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက်(၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အ.ထ.က-ခွဲ(မိုင်းကိုင်)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 13,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊မိုင်းကိုင်မြို့နယ်၊ အမှတ် (၂)ရပ်ကွက်ရှိ အ.ထ.က-ခွဲ (မိုင်း ကိုင်)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့မနက်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေး မှူး၊ ဌာနဆိုင်ရာများ၊ကျောင်းအ ကျိုးတော်ဆောင်များ၊ ကျောင်း သားမိဘများနှင့်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
စဉ့်ကိုင်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Jan 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက   ယမန်နေ့ နံနက်(၆)နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းများဆောင်ရွက်
Jan 13,2023
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့် (Working Group) အဖွဲ့မှ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့မှ စတင်ကာ မြို့ပေါ်ရပ်ကွက် အသီးသီးတွင် ကွင်းဆင်းကောက်ယူ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
မန်တုံမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဟိုခို၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်ကျင်းပ
Jan 13,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့ အခြေခံပညာအလယ်တန်ကျောင်း(ခွဲ) ဟိုခိုကျောင်းခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။