ကမမောင်းမြို့၌ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပ
May 28,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဒေသစိမ်းလမ်းစိုပြေပြီး ရာသီဥတုမျှတစေရန်၊ ဂေဟစနစ်များပြန်လည်ကောင်းမွန်လာစေရန်နှင့် ပြည်သူများကသစ်တောသစ်ပင်များ ချစ်တက်လာစေပြီးပူးပေါင်းဆောင်ရွက်တက်စေရန်ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီအချိန်က ကမမောင်းမြို့၊ မြို့မဘောလုံးကွင်း၌ ကျင်းပခဲ့သည်။