တွန်းဇံမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာ‌စေရန် စာဖတ်ဝိုင်း‌ ဆွေးနွေးပွဲပြုလုပ်

တွန်းဇံ ဇန်နဝါရီ ၁၃

ချင်းပြည်နယ် တွန်းဇံမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် စာအုပ်၊ စာပေ ချစ်မြတ်နိုးသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများက ယမန့် နေ့လည် (၁)နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရာတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်သူ၏ လက္ခဏာများစာအုပ်မှ "အလေ့အကျင့်ကောင်း" ခေါင်းစဉ်ကို မမန်းပီးက ဖတ်ကြားသည်။ ထို့နောက် မိမိတို့၏ အလေ့အကျင့်ကောင်း တစ်ခုစီကို ဆွေးနွေးကြပြီး မညောင်ခက်က မိမိဘဝကိုမြှင့်တင်နိုင်ဖို့ "စာဖတ်သည့် အလေ့အကျင့်ကောင်း" ကို မွေးမြူကြရန် ပြန်လည်ဆွေးနွေး‌ ပေးခဲ့ကြောင်းသိရသည်။

ဇိုဇွန်းပါလ်