သတင်းများ

ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် အခြေခံပန်းချီ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
May 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်လေးများအနေဖြင့် အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စိတ်ကူးဉာဏ် ရင့်သန်စေရန်နှင့် ပန်းချီရေးဆွဲခြင်းဖြင့်
ချမ်းမြသာစည်မြို့နယ်၌ (၂/၂၀၂၂) အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
May 29,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း ဖွင့်လှစ်သည့် (၂/၂၀၂၂) ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန် က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အနဂ္ဃရတနာမြေဓာတ်ပုံပြပွဲကျင်းပရေး ကြိုတင်ညှိနှိုင်းအစည်းအဝေး ငပလီမြို့၌ကျင်းပ
May 29,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက် ကျင်းပပြုလုပ်မည့် အနဂ္ဃရတနာမြေဓာတ်ပုံပြပွဲကျင်းပရေး ကြိုတင် ညှိနှိုင်းအစည်းအဝေးကို
သံဖြူဇရပ်၌ရပ်ရွာအခြေပြု ပန်းအလှပြင်နှင့်မြန်မာအစားအစာ ပြုလုပ်နည်းသင်တန်းဆင်းပွဲ ပြုလုပ်
May 29,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးကြီးကြပ်မှုအောက် ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရပ်ရွာအခြေပြု ပန်းအလှပြင်နှင့် မြန်မာအစားအစာ ပြုလုပ်နည်းသင်တန်း ဆင်းပွဲကို ယနေ့နံနက် ၁၀နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ချမ်းမြသာစည်မြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 29,2022
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် ကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားရှိ ဆောင်ရွက်လျက်ရှိရာ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၂၆) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့နံနက် ၈ နာရီက ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြေပုံမြို့နယ် အငူကျေးရွာရှိ ဗုဒ္ဓရင်ရိုးတော်ဓာတ်စေတီတော်မြတ်ကြီး၌ ဓာတ်လှေးကားဖွင့်ပွဲ အခမ်းအနားကျင်းပ
May 29,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် အငူကျေးရွာရှိ ဧလပဗ္ဗတတော်ပေါ်တွင်တည်ထားကိုးကွယ်လျက်ရှိသော ဗုဒ္ဓရင်ရိုးတော်ဓာတ်စေတော်မြတ်ကြီး၌ ဘုရားဖူးများအလွယ်တကူ တက်ရောက်ဖူးမြော်နိုင်ရန်ရည်ရွယ်၍
ဘူးသီးတောင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ အသိပညာပေးကွင်းဆင်းဆောင်ရွက်
May 29,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးအနေဖြင့် ဘူးသီးတောင်မြို့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်သားဖွားဆရာမများ ပူးပေါင်း၍ ယမန်နေ့နံနက် ၈ နာရီအချိန်က ဘူးသီးတောင်မြို့ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်သို့ သွားရောက်ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းဖွင့်ချိန်အမီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
May 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများအား ၂၀၂၂-ခုနှစ် ဇွန်လ(၂)ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်၍