သတင်းများ

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို  အောင်နိုင်ရေး အလံပေးအပ်ခြင်း အခမ်အးနားသို့ တက်ရောက်
Jan 13,2023
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး လက်ရွေးစင် ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ထန်းတပင်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 13,2023
ပဲခူးတိုင်းဒေသကြီး၊ ‌တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်လက်ကမ်းစာစောင်ဖြန့်‌ဝေပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (community Centre)ခန်းမ၌ ကျင်းပသည်။
မိုင်းတုံမြို့ အထကစာသင်ကျောင်းဝန်း၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Jan 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထက မိုင်းတုံစာသင်ကျောင်းဝန်း၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက  မြို့နယ် စီမံအုပ်ချုပ်ရေးမှူး ဦးလွင်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးမြင့်အောင်၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ကျော်မိုးနှင့် မြို့နယ်မီးသတ်တို့ပူးပေါင်း ၍ကျင်းပခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသ
Jan 13,2023
တောင်သူများ စပါးစိုက်ပျိုးရာတွင် စက်စွမ်းအားအသုံးပြုကာ စပါးအထွက်နှုန်းများ တိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနမှ UMG ကုမ္ပဏီနှင့်ပူးပေါင်း၍ ဒေသခံတောင်သူများအား (6 Roll Kabota Rice Transplanter) ကောက်စိုက်စက်ကိုအသုံးပြုကာ နွေစပါး လက်တွေ့စိုက်ပျိုးပြသခြင်းနှင့် မက်တာ​ဒေါ လယ်ထွန်စက်ကြီးများမိတ်ဆက်ပွဲကို ယမန်နေ့နံနက်ပိုင်းက စက်မှုလယ်ယာ စနစ်ကျ လယ်ယာမြေကွင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက် ထားရှိသည့် ရေပေါ်သောင်ကျေးရွာ၊ ရေပေါ်သောင်ကွင်းတွင် ပြုလုပ်ခဲ့သည်။
၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ဂုဏ်ပြုယာဉ် ပထမဆု၊ တူယှဉ်နွှဲပျော်ဂီတပွဲတော် (Season-2)ပြိုင်ပွဲပထမဆုနှင့် တိုင်းဒေသကြီး ပြပွဲ၊ ပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့်
Jan 13,2023
၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ဂုဏ်ပြုယာဉ် ပထမဆု၊ တူယှဉ်နွှဲပျော်ဂီတပွဲတော် (Season-2) ပြိုင်ပွဲ ပထမဆုနှင့် တိုင်းဒေသကြီး ပြပွဲ၊ ပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားအား ဇန်နဝါရီ ၁၁ ရက်နေ့ ညပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
မင်းဘူး(စကု)မြို့နယ်တွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်း လူဦးရေစာရင်း ကွင်းဆင်းကောက်ယူနေမှုအား ကြီးကြပ်စစ်ဆေး
Jan 13,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့ နယ်တွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ ရပ်ကွက်နှင့်ကျေးရွာများတွင် လူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူနေမှုအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း၍ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 13,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင်တို့ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းထူးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ကာလိမြို့ ဟိုပန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ပညာရေးစုံညီပွဲကျင်းပ
Jan 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ဟိုပန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကို ယမန်နေ့နံနက်(၉) နာရီ အချိန်က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။