သတင်းများ

စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်း၍ ကန်ပေါက်ကျေးရွာနှင့် ခွေးတောက်ပင်ကျေးရွာတို့တွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Jan 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျေးရွာများတွင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ၊ ယမန်နေ့မွန်းလွဲ(၁:၃၀) နာရီက ကန်ပေါက်ကျေးရွာ ပြည်သူများနှင့် လည်းကောင်း၊ မွန်းလွဲ(၃:၃၀)နာရီတွင် ခွေးတောက်ပင်ကျေးရွာ ပြည်သူများနှင့်လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
အိမ်ထောင်စု လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်‌စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း စာရင်းကောက်ယူ‌နေမှု အ‌ခြေအနေများအား မြစ်ကြီးနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 13,2023
အိမ်ထောင်စုလူဦးရေစာရင်းများ ပြည့်စုံမှန်ကန်‌စေရေး မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း စာရင်းကောက်ယူ‌နေမှု အခြေအနေများအား မြစ်ကြီးနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သင်းအောင်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်ကျေးရွာများနှင့် ဝိုင်းမော်မြို့နယ် ရပ်ကွက်/ကျေးရွာများတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဟင်္သာတခရိုင် ပြန်/ဆက်ရုံး (Community Centre) ခန်းမတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ကျင်းပ
Jan 12,2023
ဟင်္သာတခရိုင် ပြန်/ဆက် ဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁၁ နာရီက ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် “ဓာတုပိုးသတ်ဆေး အကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည်။
သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဇရပ်ကွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် တတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကြည့်ရှုအားပေး
Jan 12,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်း မြို့နယ်အုံးဇုံးကျေးရွာအုပ်စု ဇရပ်ကွင်းကျေးရွာအခြေခံပညာ အထက်တန်း ကျောင်းမှ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတတိယအကြိမ် (Booster Dose) ထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီက သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းအခြေခံပညာအထက်တန်း ကျောင်းစုရပ်တွင် တတိယအကြိမ်ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
မင်းကင်းမြို့နယ် ဆည်ချောင်းကျေးရွာ တောင်သူဦးဉာဏ်ဝင်းစိုက်ခင်း၌ ရေဆင်း(၁)စပ်မျိုး နေကြာမျိုးစေ့ထုတ်စံပြကွက်စိုက်စံနစ်ကွင်းပြပွဲပြုလုပ်
Jan 12,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများသည် ယမန်နေ့နံနက် ၈ နာရီက ကံအုပ်စု၊ ဆည်ချောင်းကျေးရွာ တောင်သူ  ဦးဉာဏ်ဝင်း၏စုစိုက်ခင်း၌ တောင်သူများအား ရေဆင်း(၁)စပ်မျိုးနေကြာမျိုးစေ့ထုတ် စံပြကွက်စိုက်စံနစ်ကွင်းပြပွဲပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထားဝယ်တက္ကသိုလ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Jan 12,2023
တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ ထားဝယ်တက္ကသိုလ်နှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဘာသာရပ်အသီးသီးမှပါမောက္ခဌာနမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ တက်ရောက်ကြသည်။
မာန်အောင်မြို့ ရန်အောင်မြင်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 12,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့ ရန်အောင်မြင်ရပ်ကွက်အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။
မိုးညှင်းခရိုင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ မိုးကောင်းမြို့နယ် လူဦးရေစာရင်းမြေပြင် ကွင်းဆင်း ကောက်ယူနေမှုအား ကြီးကြပ်စစ်ဆေး
Jan 12,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မြေပြင်ကွင်းဆင်း ကောက်ယူရေးကြီးကြပ်ရေးကော်မတီက မိုးကောင်းမြို့နယ် မြေပြင်ကွင်းဆင်းကောက်ယူရေး အဖွဲ့နှင့်ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် လူဦးရေစာရင်းမြေပြင် ကွင်းဆင်းကောက်ယူနေမှုအား ယမန်နေ့ နံနက်(၉)နာရီတွင် ကွင်းဆင်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။