သတင်းများ

ရှမ်းရွာသစ်မြို့ကွီးလေးကျေးရွာတွင် အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်း ဒေသနေပြည်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကွင်းဆင်းထိုးနှံပေး
Jun 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်မ စ၍ ကွီးလေးကျေးရွာတွင် အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်း ဒေသနေပြည်သူ(၂၂)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ(၂၂၁၄၀)ဦး ပညာတက်ရောက်သင်ကြား
Jun 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာကျောင်းအသီးသီး၌ အေးချမ်းစွာဖြင့် ပညာတက်ရောက်သင်ကြားလျက်ရှိသည်။
ကြံခင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေခြင်းကို လှည့်လည်ကြည့်ရှုစစ်ဆေး
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုကို ယနေ့နံနက်(၁၀)နာရီက ကျောင်းများသို့ လှည့်လည်ကြည်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ရာသီပေါ်ဒူးရင်းသီးများဈေးကောင်းရရှိ၍ မိသားစုများအဆင်ပြေ
Jun 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မိုးဦးကျကာလ၌ စတင်ထွက်ရှိသော စားသုံးမှုများပြီးလူကြိုက်များသည့် ရာသီပေါ်အစားအစာနှစ်ရှည်ပင်ဒေသထွက်ဒူးရင်းသီးများ ဈေးကောင်းရရှိ၍ ဒေသနေပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြောင်းမြမြို့ မုဆိုးကွင်းကျေးရွာနှင့် ကျိုက်ညီနောင်ကျေးရွာသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် စာပေဝါသနာရှင် အများပြည်သူများစာပေနှင့် စဉ်ဆက်မပြတ်စေရေး ရည်ရွယ်၍ ယမန်နေ့ နံနက်က မုဆိုးကွင်းကျေးရွာနှင့် ကျိုက်ညီနောင်ကျေးရွာသို့ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတရသစာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ အိမ်တိုင်ရာရောက် စာဖတ်သူများ လက်ဝယ်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍  သင်ကြားပို့ချ
Jun 03,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍ ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အခြေခံပညာကျောင်းများ ကို ယမန်နေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ တက်ရောက်သည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၁၇၇၉)ဦးရှိပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
လပွတ္တာမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ကလေးသူငယ်များ ပျော်ရွင်စွာပညာသင်ကြားလျက်ရှိ
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ပြီး ကလေးသူငယ်များ ပျော်ရွင်စွာ   ပညာသင်ကြားလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ နေ့လယ်(၁၂)နာရီ အချိန်က လိုက်လံကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။