ကြံခင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေခြင်းကို လှည့်လည်ကြည့်ရှုစစ်ဆေး

ကြံခင်း ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုကို ယနေ့နံနက်(၁၀)နာရီက ကျောင်းများသို့ လှည့်လည်ကြည်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ(၂)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကြံခင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၂၄)ကျောင်းမှ ကျောင်းသား/သူ(၁၂၁၀၀)ဦး တတ်ရောက်ပညာသင်ယူလျက် ရှိသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းထွဋ်နှင့် မြို့နယ်လဝကမှူး၊ မြို့နယ်ပညာရေးမှူးတို့က အခြေခံပညာကျောင်းများမှ သက်ဆိုင်ရာကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများနှင့် တွေ့ဆုံပြီး ရာနှုန်းပြည့်ကျောင်းတတ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားမှု အခြေအနေအားလည်းကောင်း၊ မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အသက်(၅)နှစ်မှ (၁၂)နှစ်အရွယ် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား လည်းကောင်း၊ ပညာသင်ကြားနေသောကျောင်းသား/သူများ စာသင်ကြားနေမှုနှင့် ပညာသင်ကြားရာတွင် အခက်အခဲမရှိရေး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် အသက်(၁၀)နှစ်ပြည့်ပြီးသော ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကဒ်များ ပြုလုပ်နိုင်ရန် လိုအပ်သည်များအား ပေါင်းစပ်လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)