ရခိုင်ပြည်နယ် မောင်တောမြို့၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍  သင်ကြားပို့ချ

မောင်တော ဇွန်  ၃

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍ ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

မောင်တောမြို့တွင်  ကျောင်းတက်ရောက်လာသည့်  ကျောင်းသား/သူများ   နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေပြီး ကျောင်းသား/သူများက အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြသည်။ မောင်တောမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၁၀)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၅)ကျောင်း၊ အလယ်တန်းကျောင်း  (၂) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁၂)ကျောင်း၊ မူလတန်းလွန်ကျောင်း (၄၇)ကျောင်း၊ မူလတန်းကျောင်း (၃၃)ကျောင်း၊ မူလတန်းကျောင်း(ခွဲ) ၁၀ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂)ကျောင်း စုစုပေါင်း (၁၂၁) ကျောင်းဖွင့်လှစ်လျက်ရှိပြီး ဇွန် လ ၂ ရက်နေ့တွင် အခြေခံပညာကျောင်းများရှိ အထက်တန်း ကျောင်းသား/သူ ၆၀၀ ဦး၊ အလယ်တန်းကျောင်းသား/သူ ၁၃၂၀ ဦး၊ မူလတန်းကျောင်းသား/သူ ၇၂၃၉ ဦး  စုစုပေါင်းကျောင်းသား/သူ ၉၁၅၉  တက်ရောက်ပညာသင်ယူလျက်ရှိကြောင်းသိရသည်။

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)