သတင်းများ

ရန်ကင်းမြို့နယ်၌ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြား
Jun 03,2022
မြန်မာနိုင်ငံရှိအခြေခံပညာကျောင်းများကို ဇွန်လ ၂နေ့မှစတင်၍ တစ်ပြိုင်တည်းဖွင့်လှစ်ရာ ရန်ကင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် အခြေခံပညာကျောင်းများကို ယမန်နေ့နံနက်ပိုင်းတွင်ဖွင့်လှစ်ပြီး သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချလျက်ရှိရာ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်ပညာရေးမှူးက ကြည့်ရှုစစ်ဆေး
Jun 03,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသောဆောင်ပုဒ်နှင့်အညီ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများအား ဇွန်လ(၂)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ အခြေခံပညာ ကျောင်းများသို့ မြို့နယ်ပညာရေးမှူး ဦးအောင်ဆွေနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်း တို့က အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများအား လှည့်လှည် ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား
Jun 03,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ချီဖွေမြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ အတန်းပညာများ တက်ရောက်သင်ကြားလျက်ရှိသည်။
ကာမိုင်းမြို့၌ အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်၍ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ
Jun 03,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ဇွန်လ(၂)ရက်နေ့တွင် ဖွင့်လှစ်ရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ဧရိယာအတွင်းရှိ အခြေခံပညာစာသင်ကျောင်းများအား ယမန်နေ့နံနက်(၉)နာရီမှစတင်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် အသက် ၅ နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉   ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jun 03,2022
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အ.ထ.က(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အောင်ချမ်းသာဘုန်းတော်ကြီးကျောင်းတို့မှ အသက် ၅ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဓနဖြူမြို့နယ် ကျန်းမာရေးဝန်ထမ်းများက လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ငါးသိုင်းချောင်းမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ဇွန်လ ၂ ရက်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သက်ဆိုင်ရာအခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး တတ်ကြွပျော်ရွှင် အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ် တတ်ရောက်သင်ကြား
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်မှစတင်၍ အခြေခံပညာကျောင်းများအားလုံး တည်ငြိမ်အေးချမ်းစွာဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ တတ်ကြွပျော်ရွှင်စွာ ကျောင်းတတ် လာခဲ့ကြသည်။
ငပုတောမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ ကြား ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြည့်ရှု့အားပေး
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ  အခြေခံပညာ ကျောင်းများတွင် ကိုဗစ် -၁၉ ကာကွယ်ဆေးများကို အသက် ၅ နှစ်မှ ၁၂ ကြား ရှိကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းမှစ၍ ထိုးနှံပေးလျှက်ရှိရာ ငပုတောမြို့တောင်ပိုင်းရပ်ကွက် အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်း၊ အရှေ့ပိုင်းရပ်ကွက်၊