သတင်းများ

လားရှိုးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုများအား ပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ)မှကွင်းဆင်းကြည့်ရှုအားပေး
Jun 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ ယမန်နေ့ နံနက်(၈)နာရီခွဲ အချိန်မှစတင်ကာ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုများအား ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)က ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Jun 03,2022
လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စာပေချစ်သူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းမြို့နယ်တွင် မြေဆီလွှာအာဟာရဖွံ့ဖြိုးရေး (၇)သွားစက်ထယ်ဖြင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်)ကျွေးခြင်း ကွင်းသရုပ်ပြသပေး
Jun 03,2022
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အတွင်းရှိ ကျေးရွာတောင်သူများအား မြေဆီလွှာဖွံ့ဖြိုးရေး (၇)သွားစက်ထယ်ဖြင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျော်)ကျွေးခြင်း ကွင်းသရုပ်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကုန်းရွာကျေးရွာ တောင်သူဦးချိုဝင်း၏ စိုက်ကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်  ကော့သောင်းခရိုင်အတွင်း အခြေခံပညာ ကျောင်းများဖွင့်လှစ်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jun 03,2022
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင်အတွင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုနှင့် ကျောင်း သား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Onlineမှတဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု (၄၂၆)ကြိမ်ရှိလာ
Jun 03,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း၌ ကိုဗစ်-၁၉ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Onlineမှတဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများ ထံက သိရသည်။
လှိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 03,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယနေ့နံနက်တွင် စတင်ဖွင့်လှစ်၍ ကျောင်းတက်ရောက်နေသူများနှင့် စည်ကားလျှက်ရှိကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 03,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းနေအရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီက မယ်စဲ့မြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Jun 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ကုသရေး စင်တာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ် (First Dose၊ Second Dose) ထိုးနှံပြီးသည့် အသက်(၁၈)နှစ်နှင့် အထက်ရှိသူများအား Booster Dose အကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း (၈၈)ဦးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း မရှိသေးသည့် အသက်(၁၈) နှစ်ပြည့်ပြီးနှင့်အထက်ရှိသူများ ပထမအကြိမ် စုစုပေါင်း(၄၁)ဦးနှင့် ဒုတိယအကြိမ် စုစုပေါင်း(၂၅)ဦးရှိကြောင်း သိရှိရသည်။