သတင်းများ

ဇေယျာသီရီမြို့နယ်ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ လာရောက်ကြည့်ရှု
Jun 03,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်  ယမန်နေ့က စတင်ဖွင့်လှစ်၍ အေးချမ်းစွာပညာသင်ကြား နေမှုနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ယမန်နေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ကျောင်းအခြေပြု အသက်(၅)နှစ်မှ(၁၅)နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jun 03,2022
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ၂၀၂၂-ခုနှစ်ဇွန်လ (၂) ရက်နေ့မှ စတင်၍ အခြေခံပညာစာသင်ကျောင်းမျာ းဖွင့်လှစ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ကျောင်းများသို့ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးများ ပူးပေါင်း၍ အသက် (၅) နှစ်မှ (၁၅) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျောင်းများအရောက် လှည့်လည်ထိုးနှံပေးလျက်ရှိသည်။
ကျိုက်လတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 03,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသောဆောင်ပုဒ်နှင့်အညီ  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယမန်နေ့က စတင်ဖွင့်လှစ်သဖြင့် ကျောင်းသား/ကျောင်းသူများအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ် သဲကောကြီးကျေးရွာရှိ အသားတိုးကြက် မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု
Jun 03,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်အတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများတွင် အားစိုက်လုပ်ကိုင်လာနိုင်စေရေး အရှိန်အဟုန်မြင့် ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့မွန်းတည့်(၁၂)နာရီက လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာရှိ ဦးလှစိုး ပိုင်ဆိုင်သည့် အသားတိုးကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဝိုင်းမော်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း Sinopharm ကိုဗစ် -၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jun 03,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကွင်းဆင်းထိုးနှံပေးခဲ့သည်။
နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးများပေးအပ်
Jun 03,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား    ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှင်ဗွေယန်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 03,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
မအူပင်ခရိုင် Community Centre ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မအူပင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆိုင်ရာ အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။