သတင်းများ

တနိုင်းမြို့နယ်၊ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများအား ပညာသင်​ထောက်ပံ​ကြေးနှင့် ​စာ​ရေးကိရိယာများ​၊ ကျောင်းဝတ်စုံများပေးအပ်
Jun 03,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဝန်ထမ်းမိသားစုများအား ပညာသင်​ထောက်ပံ့ကြေးနှင့် ​စာရေးကိရိယာများ ​ထောက်ပံ့​ပေးအပ်ခြင်းကို ​ဇွန်လ ၁ ရက် နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။​
ကျောင်းကုန်းမြို့တွင် ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ ယနေ့နံနက်ပိုင်းက အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာနှင့် ကနစိုးကုန်းကျေးရွာချင်းဆက် သစ်သားတံတားငယ် ပြိုကျပျက်စီး
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာနှင့် ကနစိုးကုန်းကျေးရွာချင်းဆက် သစ်သားတံတားငယ် အလျား(၅၀)ပေ၊ အနံ(၅)ပေ၊ အမြင့်(၇)ပေသည် (၁-၆-၂၀၂၂) ရက် နေ့လည် ၁ နာရီခွဲ အချိန်ခန့်တွင် ဟောင်းနွမ်းပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၌ အသက်(၅)နှစ်အထက်ကျောင်းသူ/သား များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းဆောင်ရွက်
Jun 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ယမန်နေ့နံနက် ၉ နာရီမှစ၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီးဖြစ်ရာ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းနေ အရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေး လမ်းညွှန်ချက်နှင့်အညီ ဇွန်လ ၂ ရက်နံနက် ၉ နာရီအချိန်မှစ၍ ဆေးထိုးစုရပ် (၃)ခုတွင် ကျန်းမာရေးဌာနဆရာ/မများက ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး(Sinopharm)အမျိုးအစားအားစတင်ထိုးနှံပေးကြကြောင်း သိရသည်။
ပင်လုံမြို့ ရှိအခြေခံပညာစာသင်ကျောင်းများစတင်ဖွင့်လှစ်
Jun 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများအား ယမန်နေ့ နံနက်ပိုင်းမှစ၍ စတင်ဖွင့်လှစ်ကြောင်း သိရပါသည်။
ပွင့်ဖြူမြို့နယ်၌ ကျောင်းသားကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေး
Jun 03,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ပညာသင်ကြားနေပြီဖြစ်ရာ ကျောင်းသားကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ အသက်(၁၂)အတွင်း ကျောင်းသားကျောင်းသူများကို  ကျန်းမာရေးဝန်ထမ်းများက ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
တနင်္သာရီမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေး‌ လောင်စာဆီဖြန့်ဖြူးရောင်းချသူများနှင့် တွေ့ဆုံပွဲပြုလုပ်
Jun 03,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းမီးဘေးအန္တရာယ်ကင်းဝေးစေရေး‌အတွက် မြို့နယ်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လောင်စာဆီရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေးပွဲယမန်နေ့မွန်းလွဲ ၁နာရီအ ချိန်က မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်မြို့ အ.ထ.က(၁)တွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုကို လာရောက်ကြည့်ရှုအားပေး
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပုသိမ်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး၊ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှု‌ကို လာရောက်ကြည့်ရှု အားပေးခဲ့‌ကြောင်း သိရသည်။