ဆီဆိုင်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ဆီဆိုင် ဇွန် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အခြေခံပညာကျောင်းများကို ယမန်နေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ တက်ရောက်သည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၁၇၇၉)ဦးရှိပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်းများ၌ ကျောင်းသား၊ကျောင်းသူ (၁၈၃၇၄)ဦး၊ အခြေခံအလယ်တန်းကျောင်းများ၌ ကျောင်းသား၊ကျောင်းသူ(၂၆၅၇)ဦး၊ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ(၇၄၈)ဦး  စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၂၁၇၇၉)ဦး အေးချမ်းစွာတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)