လပွတ္တာမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ကလေးသူငယ်များ ပျော်ရွင်စွာပညာသင်ကြားလျက်ရှိ

လပွတ္တာ ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ပြီး ကလေးသူငယ်များ ပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ နေ့လယ်(၁၂)နာရီ အချိန်က လိုက်လံကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့် အဖွဲ့ဝင်များက လပွတ္တာမြို့နယ်အခြေခံပညာ အ.ထ.က (၃) တွင်  အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးအစီအမံများချမှတ်၍ ကျောင်းပတ်ဝန်းကျင် တစ်လျောက် စောင့်ရှောက်ပေးလျက်ရှိကာ လပွတ္တာမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအပ်နှံမှုမှာ (၅၂၆၃၀) ဦး ရှိပြီး ကျောင်းတက်ရောက်သူ  (၅၁၃၃၈) ဦး ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

လပွတ္တာခရိုင်ပြန်/ဆက်