သတင်းများ

ဖြူးမြို့နယ်တွင် ကျောင်းသားဦးရေများလာသည်နှင့်အမျှ လိုအပ်သည့် ကျောင်းဆောင်သစ် ဖွင့်လှစ်
Jun 03,2022
၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်အမှီ ကျောင်းသားဦးရေများလာသည်နှင့်အမျှ လိုအပ်သည့် ကျောင်းဆောင်သစ်ဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ခင်တန်းကြီးကျေးရွာအုပ်စု၊ ပိန္နဲတောကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်အား ယနေ့နံနက် (၁၁)နာရီ က တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန ခန်းမ၌ မီးခိုးမြူ ငွေ့ အန္တရာယ်ဝိုင်းဝန်းကာကွယ် အသိပညာပေး(Talk Show)ပြုလုပ်
Jun 03,2022
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာကြီး ဇာဏီဟိန်း(သီပေါ) တို့ပူးပေါင်းပြီး မီးခိုးမြူငွေ့ အန္တရာယ်ဝိုင်းဝန်းကာကွယ်  အသိပညာပေး Talk Show ကို
မြစ်ကြီးနားမြို့၌ အသက်(၅)နှစ်အထက်နှင့် (၁၂)နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများထိုးနှံ
Jun 03,2022
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်အထက်နှင့် (၁၂)နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
သာကေတမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ(၁၇၈၃၄)ဦးမှ ပညာသင်ကြား
Jun 03,2022
၂၀၂၂၂-၂၀၂၃ပညာသင်နှစ်၊ဇွန်(၂)ရက်နေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ပညာသင်ကြားပြီးဖြစ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများမှ​ အေးချမ်း​ပျော်ရွှင်စွာ ပညာသင်ကြားကြောင်း သိရှိရသည်။
မယ်စဲ့မြို့နယ်တွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jun 03,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိရာ ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မယ်စဲ့မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်
Jun 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်၍ ဖွင့်လှစ်သင်ပေးလျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေး
Jun 03,2022
အခြေခံပညာအဆင့်ကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ၌သင်ကြား၊ သင်ယူမှုဆောင်ရွက်ပေးနေသည့် အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဟိုင်းကြီးကျွန်းမြို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်တွင် မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပပြုလုပ်
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေပြီး ဂေဟစနစ်ပိုမို ကောင်းမွန်လာစေရန် ရည်ရွယ်၍ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က ပမ္မဝတီရေတပ်စခန်း ဌာနချုပ်ရှိ တပ်မြေဧရိယာအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။