သတင်းများ

ပေါင်းတည်မြို့နယ်တွင် အခြေခံပညာကျောင်းများရှိ အသက် ၅နှစ်မှ ၁၂နှစ်ထိ ကျောင်းသား၊ ကျောင်းသူများ ၁၂၆၅ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jun 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အခြေခံပညာကျောင်းများရှိ အသက် ၅နှစ်မှ ၁၂နှစ်အထိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်က မြို့မအ.ထ.ကနှင့် အ.ထ.ကပေါင်းတည် (ပညာရတနာခန်းမ) ဆေးထိုးစုရပ်နေရာများတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေုပြုဗဟိုဌာနတွင် အိမ်တွင်းမှုဝင်ငွေတိုး ဖဲပြားကလစ်ပြုလုပ်နည်းသင်ကြားပြသ
Jun 03,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club တို့ပူးပေါင်း၍ အိမ်တွင်းမှုဝင်ငွေတိုးဖဲပြားကလစ်ပြုလုပ်နည်းကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေုပြုဗဟိုဌာန သင်တန်းခန်းမတွင် ပြုလုပ်ကျင်းပသည်။
ပန်းတောင်းမြိုနယ် သောင်ကြီးကျေးရွာတွင် အဌမအကြိမ်မြောက် ရန်ပုံငွေပေးအပ်ပွဲ ကျင်းပ
Jun 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရေလည်ကျွန်းအုပ်စုသောင်ကြီး ကျေးရွာ ဓမ္မာရုံတွင် မြစိမ်းရောင် (အသားကဏ္ဍ) အဌမအကြိမ် ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀:၀၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)အတွင်း ကလေးငယ် (၂၆၈၁)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ‌ပေး
Jun 03,2022
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသေဆုံးမှု လျှော့နည်းရေးအတွက် အသက်အရွယ် အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)အတွင်း ကလေးငယ် စုစုပေါင်း (၂၆၈၁)ဦး ကို ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ၌ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်
Jun 03,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သု၀ဏ္ဏဝတီမြို့ရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ ဧက ၃၀၀ တွင် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးသန့်မျိုးစပါးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲပိုင်းက မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွား‌ရေးစင်တာ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
နတ်တလင်းမြို့နယ်၌ အသက် ၅နှစ်မှ ၁၂နှစ်အထိ ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေး
Jun 03,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလွန်နှင့် မူလတန်းကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် စာသင်ကျောင်း အခြေပြုကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ စာသင်ကျောင်း ဆေးထိုးစုရပ်များအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်အတွင်း ​သွေးလွန်တုတ်​ကွေး​ရောဂါကာကွယ်​ရေး ကွင်းဆင်း​ဆောင်ရွက်
Jun 03,2022
မိုးရာသီကာလသို့ ​ရောက်ရှိလာပြီဖြစ်​သော​ကြောင့် ​သွေးလွန်တုတ်​ကွေး​ရောဂါ ကာကွယ်နိုင်​ရေး အဘိတ်​ဆေးခတ်ခြင်း လုပ်ငန်းများကို ယမန်​နေ့နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်အတွင်း ကွင်းဆင်း​ဆောင်ရွက်ခဲ့ကြသည်။
ဒေးဒရဲမြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ စီမံကိန်းသီးနှံများ လျာထားဧက ပြည့်မီကျော်လွန်စွာဖြင့် အထွက်နှုန်းကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ရှမ်းစုကျေးရွာအုပ်စု ဂွကလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။