အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ Talk Show ဆွေးနွေးပွဲကျင်းပ
Jun 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ပြည်သူလူထု ပိုမိုသိရှိကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ တိုးပွားလာစေရန် ရည်ရွယ်၍ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ Talk Show ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။