ကာမိုင်း ဇွန် ၃
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ဇွန်လ(၂)ရက်နေ့တွင် ဖွင့်လှစ်ရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ဧရိယာအတွင်းရှိ အခြေခံပညာစာသင်ကျောင်းများအား ယမန်နေ့နံနက်(၉)နာရီမှစတင်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်းများဖွင့်လှစ်ရာတွင် အ.မ.က(၈)ကျောင်း၊ အ.မ.ကလွန်(၂)ကျောင်း၊ အ.လ.က(ခွဲ)(၂)ကျောင်း၊ အ.ထ.က-ခွဲ (၂)ကျောင်းနှင့်အ.ထ.က(၁)ကျောင်း စုစုပေါင်းအခြေခံ ပညာ(၁၅)ကျောင်းတွင် ပညာသင်ကြားသောကျောင်းသား(၁၁၃၁)ဦး၊ ကျောင်းသူ(၁၃၅၇)ဦး၊ စုစုပေါင်း(၂၃၈၈)ဦးတို့အား အေးချမ်းစွာဖြင့်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)