ငပုတောမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ ကြား ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြည့်ရှု့အားပေး

ငပုတော ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ  အခြေခံပညာ ကျောင်းများတွင် ကိုဗစ် -၁၉ ကာကွယ်ဆေးများကို အသက် ၅ နှစ်မှ ၁၂ ကြား ရှိကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းမှစ၍ ထိုးနှံပေးလျှက်ရှိရာ ငပုတောမြို့တောင်ပိုင်းရပ်ကွက် အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်း၊ အရှေ့ပိုင်းရပ်ကွက်၊ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း ရွှေမြကွင်းနှင့် ဖျန်ရေကျော်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲမှ သွားရောက်ကြည့်ရှု့အားပေးခဲ့သည်။

ထို့သို့ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နီလာထွန်းနှင့် အဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံမှု အခြေအနေများကို လိုက်လံကြည့်ရှူ့အားပေးခဲ့ကာ  ကျောင်းသား၊ ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။ ဆက်လက်ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ကျောင်းဆောင်အတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးကာ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို အလေးထားလုပ်ဆောင်ကြရန်  တာဝန်ရှိသူများအား မှာကြားခဲ့ပြီးနောက် စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကြောင်းသိရသည်။

အောင်သူ(ငပုတောပြန်/ဆက်)