ရွှေက ဇွန် ၃
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသောဆောင်ပုဒ်နှင့်အညီ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများအား ဇွန်လ(၂)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ အခြေခံပညာ ကျောင်းများသို့ မြို့နယ်ပညာရေးမှူး ဦးအောင်ဆွေနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်း တို့က အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများအား လှည့်လှည် ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်းနှင့် အခြေခံကျောင်း (၃၂) ကျောင်းထိဖွင့်လှစ်နိုင်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၀၁၃)ဦးထိ တက်ရောက်ပညာသင်ကြားလျက်ရှိပြီး အခြေခံကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုများအား မြို့နယ်ပညာရေးမှူး ဦးအောင်ဆွေနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်းတို့က လှည့်လှယ်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေမှုအတွက် အဆင်ပြေမှုရှိ/မရှိ စစ်ဆေးခြင်း၊ ကျောင်းသုံး ပြဌာန်းစာအုပ်များ ပြည့်စုံမှုရှိမရှိနှင့် ပြည့်စုံမှုမရှိသေးသောကျောင်းသား၊ ကျောင်းသူများအတွက် အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ ကျောင်းများအတွင်း ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးနှင့် လုံခြုံရေးအတွက် မိဘဆရာများ၊ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိ ပြည်သူများက ပူးပေါင်းဆောင်ရွက်သွားကြရန်အတွက် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ပပသိန်း(ပြန်/ဆက်)