သာပေါင်း ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်မှစတင်၍ အခြေခံပညာကျောင်းများအားလုံး တည်ငြိမ်အေးချမ်းစွာဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ တတ်ကြွပျော်ရွှင်စွာ ကျောင်းတတ် လာခဲ့ကြသည်။
ကျောင်းများပြန်လည် ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား Mask စနစ်တကျ တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် လက်ဆေးဘေဇင်များ၊ လက်သန့်ဆေးရည်များကို စာသင်ဆောင်အလိုက် ထားရှိပေးထားပြီး တတ်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းများ စာသင်ခန်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များက လှည့်လည်၍ လုံခြုံအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများနှင့် ပညာကောင်းစွာ သင်ယူကြရန် တိုက်တွန်းအားပေးစကား ပြောကြားကြပြီး အသက်(၅)နှစ်မှ (၁၂)နှစ်အရွယ် ကျောင်းသားကလေးငယ်များ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား လိုက်လံကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည်။
သာပေါင်းမြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများအားလုံး မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ထိ ကျောင်းအပ်လက်ခံခဲ့ပြီး ယမန်နေ့ ဇွန် ၂ ရက်နေ့မှ စတင်ကာ အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၁၈)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂၄)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (၁၈)ကျောင်း၊ မူလွန် (၂၁)ကျောင်း၊ အ.မ.က(၁၃၉)ကျောင်း၊ အ.မ.က(ခွဲ) (၁၃)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁)ကျောင်း၊ ရွှေရောင်မော်ကွန်း ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်း (ခွင့်ပြုအမှတ် ကကစ-၁၇/၀၇/၀၀၂ (၁)ကျောင်း ပေါင်း (၂၄၂)ကျောင်းတို့ရှိပြီး ယခုစာသင်နှစ်က ကျောင်းအပ်နှံခြင်း မရှိသူများ၊ ကျောင်းတက်ရောက်ခြင်း မရှိသူများပါ လာရောက်ကျောင်းအပ်နှံ တက်ရောက်ကြရာ ကျောင်းအပ်နှံသူ အထက်တန့်ဆင့် (၂၅၄၈)ဦး၊ အလယ်တန်းဆင့် (၆၂၁၂)ဦး၊ မူလတန်းအဆင့် (၁၉၂၁၀)ဦး စုစုပေါင်း (၂၇၉၇၀)ဦး၊ ၉၉% ကျောင်းအပ်နှံတက်ရောက်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)