ငါးသိုင်းချောင်းမြို့၊ အ-ထ-က၌ လူငယ်ရေးရာဟောပြောပွဲ ကျင်းပ
Jun 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ (အ-ထ-က) ကျောင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်လျက် ခရိုင်နှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။