ညောင်တုန်း ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက် ၉နာရီ အချိန်က သက်ဆိုင်ရာ စာသင်ကျောင်း ဆေးထိုးစုရပ်များအလိုက် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းဆရာ/ဆရာမများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ သက်ဆိုင်ရာ စာသင်ကျောင်း ဆေးထိုးစုရပ်များအလိုက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူလေးများကို အားပေးကြည့်ရှု၍ လိုအပ်သည့် ကျန်းမာရေးအခြေအနေ စောင့်ကြည့်မှုများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)