ငပု​တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းသားသမီးများအား ‌ပညာသင်စရိတ် ထောက်ပံ့ငွေနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့

ငပုတော ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းသားသမီးများအား ‌ပညာသင်စရိတ်ထောက်ပံ့ငွေနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်အား  ယမန်နေ့ညနေ ၄ နာရီအချိန်တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သူက မိမိဒေသတွင် အေးချမ်းတည်ငြိမ်စွာ ပညာသင်ကြားလျက်ရှိပြီး အနာဂတ်အတွက် ကြိုးစားကြရမည်ဖြစ်ကြောင်း ပညာသင်ချိန်တွင် မိဘဆရာများ၏ ဆုံးမစကားများလိုက်နာပြီး အနာဂတ်ရတနာ သားကောင်း သမီးကောင်းများ ဖြစ်အောင်ကြိုးစားကြဖို့ ဆုံးမစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နီလာထွန်းနှင့် တာဝန်ရှိသူများက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီး (၅၅) ဦးတို့အတွက် ပညာသင်ထောက်ပံ့ကြေး (၃၀၈၀ဝဝိ/-) (ကျပ်သုံးသိန်းရှစ်ထောင် )၊ ဗလာစာအုပ် (၅၅) ဒါဇင်၊ ကာလတန်ဖိုး (၁၈၁၅၀ဝိ/-)၊ (ကျပ်တစ်သိန်းရှစ်သောင်းတစ်ထောင့်ငါးရာ)၊ စုစုပေါင်း (၄၈၉၅၀ဝိ/-) (ကျပ်လေးသိန်းရှစ်သောင်းကိုးထောင်ငါးရာ)တိတိအား ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်နီလာထွန်း၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဝန်ထမ်းမိသားစုဝင်များ၊ ကျောင်းသား/သူများ စုစုပေါင်း(၈၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်သူ (ငပုတော ပြန်/ဆက်)