တံတားဦးမြို့နယ်တွင် မြန်မာ့လယ်ယာ,ဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Jun 09,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရတ်ချေးငွေများကို သတ်မှတ်ကျေးရွာအုပ်စုများအလိုက် ယနေ့နံနက်ပိုင်းက အဆိုပါမြို့နယ်ဘဏ်၌ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။