သတင်းများ

ပလောက်မြို့ရှိ  ဓာတ်ဆီဆိုင်များ ကွင်းဆင်းစစ်ဆေး၍ အသိပညာပေး ဆွေးနွေး
Jun 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ပလောက်မြို့ပေါ်ရပ်ကွက်ရှိ ဓာတ်ဆီဆိုင်များကို ပလောက်မြို့ မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ဇွန်လ ၉ ရက်နေ့နေ့လယ်  ၂ နာရီက ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်၌ နွေစပါး စံကွက်ရိတ်သိမ်း
Jun 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၁-၂၀၂၂ ခုနှစ် စိုက်ပျိုးထားသည့် နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီက နားခိုကျေးရွာအုပ်စု၊ နားခိုကျေးရွာ၊ ဦးပိုင်အမှတ်(၁၄)၊ ကွင်းအမှတ်(၁၇)၌ ပြုလုပ်သည်။
သိန္နီမြို့နယ်တွင် လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jun 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင်လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို သိန္နီမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်က ဟောပြောပွဲ ကျင်းပခဲ့သည်။
ပေါင်းတည်မြို့နယ်တွင် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီများ ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိစေရေး စစ်ဆေး
Jun 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီများ ကုန်ညွှန်း အမှတ်အသားပြည့်စုံ မှန်ကန်မှုရှိစေရေးအတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံနှင့် စျေးကွက်စောင့်ကြည့် စစ်ဆေးရေး အဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခွဲက မြို့မစျေးအတွင်း စားသုံးဆီများရောင်းချနေသော စျေးဆိုင်များတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှုရှိစေရေး စစ်ဆေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် အမှတ် -၁ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၈၆ ဦးအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံ
Jun 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အမှတ်-၁အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၈၆ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို ယနေ့နံနက်(၉) နာရီမှစ၍ ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လဲချားမြို့နယ် အ-မ-က ကျောင်းတွင် အသက်(၅)နှစ်မှ အသက်(၁၂) နှစ်ထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Jun 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကွင်းဆင်းထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က အခြေခံပညာမူလတန်းကျောင်း နောင်ပန်ကျေးရွာတွင် ကွင်းဆင်းထိုးနှံပေးခဲ့သည်။
မိုးနဲမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ် အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး‌ ကျောင်းသား/ကျောင်းသူပေါင်း ၁၄၇၃ ဦး ရှိပြီဖြစ်
Jun 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ် အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်လုံးလျှင် (၅) ယောက်နှုန်းဖြင့် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်တွင်လည်း ဝမ်ဟေအုပ်စု နမ့်ဟူးပစ်အခြေခံပညာမူလတန်းကျောင်း၊ ဟွေတုံလုံအခြေခံပညာမူလတန်းကျောင်းနှင့် နောင်လိုင်အုပ်စု လွိုင်အိုင်အခြေခံပညာ (မူလွန်)ကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ပြိုင်နက်တည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင်  အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဆက်လက်ထိုးနှံပေး
Jun 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး(Sinopharm) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍  အခြေခံပညာကျောင်းများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။