ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာနတွင် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး
Jun 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာနတွင် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေးနှင့် ဒေသအပူချိန် လျှော့ချ နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက မြို့နယ် မီးသတ်တပ်ဖွဲ့ရုံးဝန်းအတွင်းတွင် မိုးရာသီ အကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။