တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား တံခွန်စိုက်ဆုရရှိသော လက်ပံတန်းမြို့နယ် U-19 လူငယ်ဘေားလုံး အသင်းအား ဂုဏ်ပြုကြိုဆို
Jun 10,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက် (၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ပဲခူးမြို့ဟံသာဝတီ ယူနိုက်တက်ဘောလုံးကွင်း၌ ဇွန် ၈ ရက် ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ ဗိုလ်လုပွဲစဉ်တွင် လက်ပံတန်းမြို့နယ် အသင်းနှင့် ဝေါမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လက်ပံတန်းမြို့နယ်အသင်းက ဝေါမြို့နယ်အသင်းအား (၂) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု ကျပ် (၁၀) သိန်းအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။