ပြည်ကြီးမဏ္ဍိုင် ဇွန် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် အာရုံစူးစိုက်လေ့လာမှုရှိစေရန် ရည်ရွယ်၍ စာအုပ်၊ စာစောင်ပြပွဲအား ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ အား ဆက်လက်ကျင်းပရာ အ.လ.က (ပြည်ကြီးမဏ္ဍိုင်) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကလေးငယ်များအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကေခိုင်ဝင်း (ပြန်/ဆက်)