သတင်းများ

သာကေတမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု  တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ
Jun 10,2022
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်   တရားမ၀င်ရောင်းဝယ်မှု  တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သာကေတမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင်  ယနေ့နံနက်(၁၀:၀၀)နာရီ၌ ပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  အထိမ်းအမှတ်အကြို ဟောပြောပွဲကို ကျင်းပခဲ့သည်။
မြဝတီခရိုင်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Jun 10,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီး ရေးရာအဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ကြောင်း သိရသည်။
ဝေါမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jun 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီ အရောင်းဆိုင်များ၊ စက်သုံးဆီ ပြတ်လပ်မှုမဖြစ်စေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် မီးဘေး အန္တရာယ်ကင်းဝေးစေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သန်းနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရ သည်။
ဗိုလ်တထောင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ
Jun 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တ‌ထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်နှင့်  မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၁၀:၀၀) နာရီ က ကျင်းပခဲ့ကြောင်း သိရသည်။
ကွမ်းလုံမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးလုပ်ငန်းနှင့် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းများဆောင်ရွက်
Jun 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး အကြိုဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို ယနေ့နံနက်(၁၁)နာရီအချိန်က ကွမ်းလုံမြို့ ဝန်ထမ်းရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အခြေခံပညာမူလတန်း(ဟဲဟော်)ကျောင်းတို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး  လူထုအခြေပြုဗဟိုဌာန (Community  Center)  ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အမျိုးသမီးအသင်း (Woman   Club) တို့ ပူးပေါင်း၍ ၁၉၉၈ ခုနှစ်၊ အမျိုးသားစာပေဆုရစာအုပ်၊ စာရေးဆရာလယ်တွင်းသား စောချစ်၏ “ပန်းလိုချင် အပင်ကို ပျိုးတတ်မှ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ပါသည်။
ကျွန်းစုမြို့တွင် စက်သုံးဆီများ ရောင်းချမှုမရှိဘဲ သိုလှောင်ထားသည့် ဆိုင်များအားစစ်ဆေး
Jun 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်တရားမဝင်စက်သုံးဆီ အရောင်းဆိုင်များ တားဆီးစစ်ဆေးရေး အဖွဲ့က ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့နယ်တွင် အ.ထ.က(၂)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Jun 10,2022
နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့်အညီ ပညာရေး ကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်လျက်ရှိရာတွင် ကျောင်းသား/ကျောင်းသူ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံထူးချွန်စေရန် ရည်ရွယ်၍ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မြောင်းမြမြို့၊ ရေတွင်းရေကန်ကျေးရွာရှိ အ.ထ.က(၂)ကျောင်းတွင် ယနေ့နံနက် (၁၀)နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။