သတင်းများ

ကျွန်းလှ၌ မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးမည့် တောင်သူများအား ပေါင်စနစ်ဖြင့် ပျိုးထောင်နည်း ကွင်းသရုပ်ပြပွဲပြုလုပ်
Jun 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ တောင်သူ ဦးနိုင်၏ လယ်မြေတွင် ယမန်နေ့ နံနက် ၁၀ နာရီက မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးမည့် တောင်သူများအား ပေါင်စနစ်ဖြင့်ပျိုးထောင်နည်း ကွင်းသရုပ်ပြပွဲပြုလုပ်ကြောင်း သိရသည်။
လသာမြို့နယ်တွင် ကာကွယ်ဆေး မထိုးနှံရသေးသူ အသက် (၅) နှစ်မှ (၁၂) အထိ ကျောင်းသား / သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jun 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် လသာမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူ အသက် (၅) နှစ်မှ (၁၂) အထိ ကျောင်းသား / သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က၊ အ.မ.က (၁) ကျောင်း၊ အ.လ.က (၁) ကျောင်း၊ အ.မ.က (၂) ကျောင်း အသီးသီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဖားကန့်မြို့နယ် စုပေါင်းရုံးဝင်းနှင့် ဥရုချောင်းဆုံနေရာများတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပ
Jun 10,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် စုပေါင်းရုံးဝင်းအတွင်းနှင့် ဥရုချောင်း၊ မှော်ဝမ်းချောင်းဆုံအနီး နေရာများတွင် ယနေ့နံနက် ၈နာရီခွဲက မိုးရာသီစုပေါင်းသစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။ 
မြို့သစ်မြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Jun 10,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံးသို့ ဗဟုသုတရရှိစေမည့် စာအုပ်များ ငှားရမ်းပေး
Jun 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများ ရရှိစေရန်အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက် ပိုင်းခရိုင် (အင်းစိန်) ရုံးရှိ ဝန်ထမ်းများက အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်ရှိ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
မုဒုံမြို့နယ် နှီးပဒေါကျေးရွာဟောင်း၌ Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်း
Jun 10,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုက်ရေးအတွက် နှီးပဒေါကျေးရွာဟောင်း၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ခမောက်ကြီးမြို့ရှိ အသက်(၅)နှစ်နှင့်(၁၂) နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေး
Jun 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်နှင့် (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းကစ၍ ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
ပြည်မြို့တွင် သစ်ပင်ကျိုးပိခဲ့‌၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့‌‌သော လူနေအိမ်တစ်လုံးအတွက် ဘေးစီမံဌာနက ထောက်ပံ့ငွေများ ပေးအပ်
Jun 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ဆံတော်ရပ်ကွက် ကမ်းနားလမ်းတွင် ဇွန်လ ၈ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကျိုးပိခဲ့‌၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော လူနေအိမ်တစ်လုံးအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။