သတင်းများ

ဘီးလင်းမြို့နယ် ရုံးလူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jan 16,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club) တို့ ပူးပေါင်း၍ မြနှင်းရည်ရှိန် ဘာသာပြန်ထားသည့် “အတွေးများမှသည်လက်တွေ့ လုပ်ဆောင်မှုဆီသို့​” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
လယ်ဝေးမြို့နယ်၊အ.မ.က (ရုံးတော)ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲကျင်းပ
Jan 16,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အ.မ.က(ရုံးတော) ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဥတ္တရသီရိမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဆုပေးပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာရေး စုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် မြို့နယ်အဆင့် အောင်ချက် အကောင်းဆုံးကျောင်းများအား ဆုပေးပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းပညာ ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 16,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကွက်‌၊‌ ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့် အစည်းအ‌ဝေးကျင်းပသည်။
မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ (၄၆)ကြိမ်မြောက် အသံမစဲမဟာပဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 16,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ (၄၆)ကြိမ်းမြောက် အသံမစဲမဟာပဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနား မုဒ်ဦးအား မင်းဘူးမြို့ ရွှေတွင်းကျောင်းတိုက် ပဓာနနာယက မြို့နယ်ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တသာသန နှင့်အတူ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ် ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုတို့က တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ကြသည်။
မှော်ဘီမြို့နယ်တွင် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း (အခမဲ့)ဖွင့်လှစ်
Jan 16,2023
ကျေးရွာနေပြည်သူများ လုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြစ်ကျိုးအုပ်စု၊ အမောက်ဝဲကျေးရွာအား (Smart Village) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်း အဆိုပါကျေးရွာရှိ ကံထူးအောင်ကျောင်းတိုက်တွင် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်း သိမ်းနည်းသင်တန်းကို မှော်ဘီခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ (အခမဲ့)ဖွင့်လှစ်ပေးသည်။
ဟင်္သာတ မြို့နယ်တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်း (၁/၂၀၂၃) ဖွင့်လှစ်
Jan 16,2023
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိ သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းကျောင်း သင်တန်းခန်းမတွင် ယနေ့ နံနက် ၉ နာရီက ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုး‌ဆွေဝင်း ပြည်တက္ကသိုလ်စာကြည့်တိုက်အသစ်ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်
Jan 16,2023
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုး‌ဆွေဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ပြည်တက္ကသိုလ်စာကြည့်တိုက်အသစ်ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။