သတင်းများ

ဘုတ်ပြင်းမြို့၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝက်မွေးမြူရေး သင်တန်းဖွင့်လှစ်
Jan 17,2023
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝက်မွေးမြူရေး ရက်တိုသင်တန်းကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်​ဆေး ဆောင်ရွက်
Jan 17,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မီးဘေးအန္တရာယ် သတိရှိရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများမှ ယနေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထန်းတပင်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းကောက်ယူ
Jan 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုကောက်ကွက်များအလိုက် အိမ်ထောင်စုလူဦးရေစာရင်းများကို တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိပြီး ယမန်နေ့၊ နံနက်ပိုင်းကလည်း တာဝန်ရှိသူများက အိမ်​ထောင်စုလူဦး​ရေစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုကောက်ကွက်များအလိုက် ဆက်လက်၍ ​ကောက်ယူလျက်ရှိသည်။
တောင်ကုတ်မြို့၌ မူးယစ်ဆေးဝါး အန္တရာယ်ကင်းရှင်းရေးနှင့် မှုခင်းအသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 17,2023
တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် ကင်းရှင်းစေရေးနှင့် မှုခင်းအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဟင်္သာတခရိုင် ပြန်/ဆက်ရုံး (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပ
Jan 17,2023
ဟင်္သာတခရိုင် ပြန်/ဆက် ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်၁၁ နာရီက ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေး ကျင်းပ
Jan 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ ခန်းမ၌ ကျင်းပပြုလုပ်ကြသည်။
တနိုင်းမြို့ အခြေခံပညာမူလတန်းလွန်-တပ်နယ်‌ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 17,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် တနိုင်းမြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို  ယမန်နေ့ နံနက် ၁၀ နာရီက ကင်ဆားရာရပ်ကွက်ရှိ မူလတန်းလွန် -တပ်နယ်ကျောင်း၌ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  ကံပြင်သာစည် အခြေခံပညာမူလတန်းကျောင်း(ခွဲ)၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Jan 17,2023
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကံပြင်သာစည် အခြေခံပညာမူလတန်းကျောင်း(ခွဲ)၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန် အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။