သတင်းများ

စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)၌ စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ
Jan 16,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်) လက်တွေ့ဆောင်(၂)၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်
Jan 16,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ထားဝယ်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲနှင့် တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အ.ထ.က (၁) ဇလွန်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အ.ထ.က (၁) ဇလွန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရမည်းသင်းမြို့ သာသနာ့ဗိမ္မာန်မြေနေရာ(၃.၁၇)ဧကကို နိုင်ငံတော်မှ အခွန်လွတ်သာသနာ့မြေဂရန်အပ်နှံ ဆက်ကပ်ပွဲအခမ်းအနားကျင်းပ
Jan 16,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းသာသနာ့ဗိမ္မာန်မြေနေရာ(၃.၁၇)ဧကကို နိုင်ငံတော်မှ အခွန်လွတ်သာသနာ့မြေဂရန်အပ်နှံ ဆက်ကပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ဝါတိုးရပ်ကွက်ကြီးရှိ သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Jan 16,2023
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ရည်ရွယ်လျက် ယနေ့မွန်းလွဲ ၂ နာရီအချိန်က Youth Club အဖွဲ့ဝင်များနှင့် လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ-၁၉၊ အမှတ်-၂၃ ပါ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ဆက်ဆံမှုနှင့်အောင်မြင်ရေးဆောင်းပါး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောက်ပန်တောင်းမြို့ လေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Jan 16,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဘက်စုံးဖွံ့ဖြိုးရေးနှင့် အများနှင့် ပူးပေါင်းပါဝင် ဆွေးနွေးဟောပြောတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းကို၊ ယနေ့မွန်လွဲ(၁)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ လေးရွာအခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 16,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စသော ဌာနဆိုင်ရာများပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရမည်းသင်းခရိုင်အဆင့်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်
Jan 16,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို ယနေ့နံနက် ၈ နာရီခွဲက ရမည်းသင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။