သတင်းများ

မိုးကောင်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ “မီးငယ်တို့ အသိကြွယ်ဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jan 17,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များက စာရေးဆရာအတ္တကျော်၏ “မီးငယ်တို့ အသိကြွယ်ဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ (၃) နာရီခွဲတွင် ကျင်းပခဲ့သည်။
စစ်ကိုင်းမြို့တွင် မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား (ဖူဆယ်) ဘော့လုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Jan 17,2023
စစ်ကိုင်းခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား (ဖူဆယ်) ဘော့လုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နှစ် (၇၀၀) အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ပန်းတောင်းမြို့နယ် ကြခတ်ရပ်ကွက်တိုးချဲ့ကွက်သစ်ရှိ ဆင်းရဲနွမ်းပါးသူများအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၁)ပြည်နှုန်းလှူဒါန်း
Jan 17,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကြခတ်ရပ်ကွက်တိုးချဲ့ကွက်သစ်ရှိ ဆင်းရဲနွမ်းပါးသူများအား ယနေ့နံနက် (၉:၀၀) အချိန်ကအိမ်ထောင်စုတစ်စုလျှင် ဆန်(၁)ပြည်နှုန်းလှူဒါန်းခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jan 17,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ပညာသင်ကြားနေကြသော အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) များထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ သစ်ဆိမ့်ပင်၌ ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံ ဆောင်ရွက် ပေးကြကြောင်း သိရသည်။
ကလောမြို့နယ်၌ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 17,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများလျှော့ချနိုင်ရေး၊ တရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေး၊ ဌာနဝင်ငွေတိုးတက်ရရှိရေး၊ လျှပ်စစ်အန္တရယ်ကင်းရှင်းရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်ကာ ကလောမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးကောင်းမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်
Jan 17,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာသုံးစက်ကိရိယာများ ကျွမ်းကျင်စွာအသုံးချနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ကို အမှတ် (၅၅) စက်မှုလယ်ယာ စခန်း၌ ဇန်နဝါရီ (၁၆) ရက်နံနက် (၁၀) နာရီတွင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
လွိုင်လင်မြို့ အထက(၁)ကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီကကျင်းပရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူဟောင်းများ ဖိတ်ကြားထားသောဌာနဆိုင်ရာများ တက်ရောက်ကြသည်။
မောက်မယ်မြို့နယ်သမိုင်းဝင်ရှေးဟောင်းမောက်စံဘုန်းတော်ကြီးကျောင်းဘက်စုံပြုပြင်မွမ်းမံရန် အတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် သမိုင်းဝင်ရှေးဟောင်း မောက်စံဘုန်းတော်ကြီးကျောင်း ဘက်စုံပြန်လည်ပြုပြင်မွမ်းမံရန် အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။