ပြည် ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ပြည်တက္ကသိုလ်စာကြည့်တိုက်အသစ်ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြည်တက္ကသိုလ်စာကြည့်တိုက်အသစ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး စာကြည့်အတွင်းလှည့်လည်ကြည့်ရှုကာ တက္ကသိုလ်တွင် သုံးထပ်စာသင်ဆောင်အသစ် တည်ဆောက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ပြည်တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ကျင်းပသည့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးအောင်သောင်းထိုက်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့် ပြည်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသက်လွင်တို့နှင့်အတူ ပြည်တက္ကသိုလ်၏(၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့နှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိခဲ့သောကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး တက္ကသိုလ်မှကျောင်းသား၊ ကျောင်းသူလေးများ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ပြည်တက္ကသိုလ်၏ ဆုရကျောင်းသား၊ ကျောင်းသူများအတွက် ငွေကျပ် ၁၃ သိန်း ၈ သောင်း၊ ပြည်တက္ကသိုလ်စာကြည့်တိုက်အတွက်ငွေကျပ် ၁၀ သိန်းနှင့် ကပြဖျော်ဖြေသော ကျောင်းသား၊ ကျောင်းသူလေးများအတွက် ငွေကျပ်(၅)သိန်း စုစုပေါင်းငွေကျပ် (၂၈ သိန်း ၈ သောင်း) ပေးအပ်ချီးမြှင့်လှူဒါန်းခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်