သတင်းများ

ဟင်္သာတခရိုင် ပြန်/ဆက်ရုံး (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပ
Jan 17,2023
ဟင်္သာတခရိုင် ပြန်/ဆက် ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်၁၁ နာရီက ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေး ကျင်းပ
Jan 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ ခန်းမ၌ ကျင်းပပြုလုပ်ကြသည်။
တနိုင်းမြို့ အခြေခံပညာမူလတန်းလွန်-တပ်နယ်‌ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 17,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် တနိုင်းမြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို  ယမန်နေ့ နံနက် ၁၀ နာရီက ကင်ဆားရာရပ်ကွက်ရှိ မူလတန်းလွန် -တပ်နယ်ကျောင်း၌ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  ကံပြင်သာစည် အခြေခံပညာမူလတန်းကျောင်း(ခွဲ)၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Jan 17,2023
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကံပြင်သာစည် အခြေခံပညာမူလတန်းကျောင်း(ခွဲ)၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန် အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။
ကန်ပိုက်တီမြို့၌ လူကုန်ကူးမှု/လူမှောင်ခို အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 17,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း မေခခန်းမ၌  လူကုန်ကူးမှု/လူမှောင်ခိုမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ပိုင်ကျုံမြို့တွင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူသည့် စာရင်းများအရ (၆)ရက်အတွင်း အိမ်ထောင်စု ၆၇၇၁ စု ကို အတည်ပြုနိုင်ခဲ့
Jan 17,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင် စစ်ဆေးရန်အတွက် ရပ်ကွက်/ကျေးရွာများတွင် တစ်အိမ်တက်ဆင်း  စာရင်းကောက် ယူခြင်းလုပ်ငန်းများကို ယခုလ ၉ ရက်နေ့မှစ၍  ရပ်ကွက်/ကျေးရွာများအတွင်း ဆောင်ရွက်ခဲ့ရာ ယခုလ ၁၄ ရက်နေ့အထိ ကောက်ယူခဲ့သော စာရင်းများအရ အိမ်ထောင်စု ၆၇၇၁ စုကို အတည်ပြုထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကျောက်တော် Community Centre ခန်းမ၌ ရာသီအကူးအပြောင်းနှင့် မပေါ့ဆသင့်သော ရာသီတုတ်ကွေး အသိပညာပေး  (Talk Show) ပြုလုပ်
Jan 17,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမ၌   ရာသီအကူးအပြောင်းနှင့် မပေါ့ဆသင့်သော ရာသီတုတ်ကွေးအသိပညာပေး  (Talk Show) ကို  ယမန်နေ့ နံနက် ၁၀  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။
ပွင့်ဖြူမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူ
Jan 17,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး(Pilot Project )လုပ်ငန်းအား ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး စာရင်းကောက်ယူရေး (Working Group) အဖွဲ့များမှ မြို့ပေါ်ရပ်ကွက်(၄) ရပ်ကွက်နှင့် ကျေးရွာများတွင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။