မြန်မာနှစ်ဆန်းတစ်ရက်နေ့အခါသမယတွင် ရမ်းဗြဲမြို့၌ ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားစေတီများတွင် တံခွန်တင်လှူကုသိုလ်ပြုလုပ်

ရမ်းဗြဲ    ဧပြီ   ၁၈

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြန်မာနှစ်ဆန်းသမယတွင် မြို့ပေါ်ရပ်ကွက်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဆရာပူဇော်ကန်တော့ပွဲနှင့် ဘုရားစေတီများတွင် တံခွန်များပူဇော် လှူဒါန်းကြသည်။

ရှေးဦးစွာ ရမ်းဗြဲမြို့အမှတ်(၁)ရပ်ကွက် ငွေတောင်သာဘုန်းတော်ကြီးကျောင်းဝင် မိသားစုများမှ ယမန်နေ့နံနက်(၈)နာရီက ငွေတောင်သာဘုန်းတော်ကြီးကျောင်းတွင် ဆရာကန်တော့ပွဲများ ကျင်းပပြလုပ်ကြပြီး ရှေးဟောင်းသမိုင်းဝင် ငွေတောင်သာစေတီနှင့် မြို့ဦးသမိုင်းဝင်ခြေယာ တော်ပြင်ဘုရားတို့တွင် တံခွန်များ လှူဒါန်းပူဇော်ကြခြင်းများ ပြုလုပ်ကြသည်။

ဆက်လက်ပြီး ခမောင်းခြေတိုင်ကျေးရွာ ချင်းတိုင်းရင်းသားများမှ အမှတ်(၂)ရပ်ကွက် ဗဟန္တောင်ကျောင်း ဆရာတော်ဘုရားကြီးအား ဆရာကန်တော့ပူဇော်ကြပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်